စစ်တပ်အာဏာသိမ်းနောက် နိုင်ငံတစ်ဝန်းမှာတိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားခဲ့၊ တနင်္သာရီတိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ ပေါင်း ၃၆ ကြိမ်ရှိ
စစ်တပ်အာဏာသိမ်းနောက် နိုင်ငံတစ်ဝန်းမှာတိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားခဲ့၊ တနင်္သာရီတိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ ပေါင်း ၃၆ ကြိမ်ရှိ
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီနှစ် မေ ၁၅ ရက်အထိ နိုင်ငံတဝန်းလုံးမှာ ဖြစ်ပွါးခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ၊ တိုက်ပွဲအရေအတွက်ဟာ ၄,၆၇၉ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ အဆိုပါအဖွဲ့ရဲ့ထုတ်ပြန်တဲ့ တိုက်ပွဲစာရင်းဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAOs) အကြား၊ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်တွေ (PDF/LDF/CDF/KNDF) အကြား၊ EAOs အချင်းချင်းအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အပြင် မြို့ပြပျောက်ကြား တိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီနဲ့ အမည်မသိရတဲ့အဖွဲ့တွေအကြားက တိုက်ပွဲတွေ ပါဝင်ပါတယ်။
တိုက်ပွဲ အကြိမ်ရေ လေးထောင်ကျော်ထဲမှာ စစ်ကောင်စီနဲ့ EAOs အကြား တိုက်ပွဲဖြစ်ပွားမှုက ၃,၁၀၇ ကြိမ် ၊ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုက ၁,၃၈၀ ကြိမ်၊ စစ်ကောင်စီ နဲ့ EAOs၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုက ၁၀၆ ကြိမ်၊ EAOs အချင်းချင်းကြားမှာ တိုက်ပွဲ ဖြစ်ပွားမှုက ၄၁ ကြိမ် အပြင် စစ်ကောင်စီနဲ့ အမည်မသိရှိရတဲ့ အဖွဲ့တွေကြား တိုက်ခိုက်မှုကလည်း အကြိမ် ၂၀ ထက်မနည်း ရှိခဲ့တယ်လို့ ရေးသားထားပါတယိ။
တိုက်ပွဲဖြစ်ပွါးမှုဟာ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။
ISP-Myanmar က လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲ ၂,၄၃၂ကြိမ် ထက်မနည်း ဖြစ်ပွါးခဲ့ပြီး၊ စစ်ကိုင်းတိုင်းမှာတော့ ၄၃၉ ကြိမ်ထက် မနည်းဖြစ်ပွါးခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာတော့ ၃၆ ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
The Tanintharyi Times ရဲ့ စုဆောင်းထားတဲ့ အချက်အလက်တွေအရ တနင်္သာရီဒေသမှာ ဧပြီလက တိုက်ပွဲ ပေါင်း ၁၇ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကြောင်းထိုးဝင်ရောက်တာများခဲ့တဲ့ ယခု မေလမှာတော့ ၁၀ရက်အတွင်းမှာတင် တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ကာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၇ဦး သေဆုံးခဲ့ပါတယ်။
The Tanintharyi Times
