ဘားအံမြို့နယ်မှာ ကရင်လူငယ်အစည်းအရုံး ကွန်ကရက်နဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းကျင်းပ

ဘားအံမြို့နယ်မှာ ကရင်လူငယ်အစည်းအရုံး ကွန်ကရက်နဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းကျင်းပ

ဓါတ်ပုံ - KNU

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ KNUထိန်းချုပ်နယ်မြေ ဒူးသထူခရိုင် ကရင်လူငယ်အစည်းအရုံး (KYO)ရဲ့ ပထမအကြိမ် အစည်းအရုံးကွန်ကရက်နဲ့ လူငယ်စွမ်းရည်မြှင့် ရက်တိုသင်တန်းကို ပြီးခဲ့တဲ့ မတ်လ ၁၇ရက်နေ့က စလို့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

လူငယ်စွမ်းရည်မြှင့်သင်တန်းကို မတ် ၁၇ရက်နေ့ကနေ မတ်လ ၂၁ရက်နေ့အထိ ၅ရက်တာပြုလုပ်ခဲ့ပြီး KYO အစည်းအရုံး ကွန်ကရက်အခမ်းအနားကို မတ်လ ၂၂ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

လူငယ်စွမ်းရည်မြှင့်သင်တန်းကို KYO နဲ့ TOTက ဆရာတွေ ဦးဆောင်သင်တန်းပေးခဲ့တာဖြစ်ပြီး သင်တန်းသား သင်တန်းသူ လူငယ် ၇၇ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဘားအံမြို့နယ်ရဲ့ ပထမအကြိမ် ကရင်လူငယ်အစည်းအရုံး ကွန်ကရက် အခမ်းအနားကို KNU ခရိုင်၊ မြို့နယ် ခေါင်းဆောင်တွေ၊ KYOခေါင်းဆောင်တွေနဲ့ ကျေးရွာအုပ်စု ၁၂ခုအတွင်းရှိ ကျေးရွာတွေက ကိုယ်စားလှယ်ကရင်လူငယ်တွေ စုစုပေါင်း ၉၀ဦးခန့် တက်ရောက်ခဲ့ပြီး ဥက္ကဌ၊ အတွင်းရေးမှူးနဲ့ တာဝန်ခံအသီးသီးတို့ကို ကွန်ကရက်ကနေ ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

The Tanintharyi Times