ဝိုင်ဒင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးကျပြီး ဒဏ်ရာ အများအပြား ရရှိသွားတယ်လို့ ကော့သောင်း pdf တပ်ရင်း ၁ ထုတ်ပြန်

ဝိုင်ဒင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးကျပြီး ဒဏ်ရာ အများအပြား ရရှိသွားတယ်လို့ ကော့သောင်း pdf တပ်ရင်း ၁ ထုတ်ပြန်

ထိုင်း – မြန်မာနယ်စပ်ရှိ ရှမ်းကိုးရွာဒေသက ဝိုင်ဒင်းတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၈ ဦးသေဆုံးကာ ၅၀ ဦးဒဏ်ရာရရှိတယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒီလ ၂၁ ရက်နေ့ နေ့လည်၁၂ နာရီခွဲအချိန်လောက်မှာ အင်အား ၁၇၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီး၂ချက်ပစ်ကာ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့ပြီး ညနေ ၃ နာရီခွဲအချိန်လောက်မှာ တိုက်ပွဲ ရပ်နားသွားတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ကော်သူးလေအာမီက ရဲဘော်တစ်ဦးတို့ လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒီကနေ့ မနက် ၅နာရီအချိန့်လောက်ကလည်း ကော့သောင်းမြို့နယ်နဲ့ ခမောက်ကြီးမြို့နယ်ခွဲ အကြား မလိဝမ်းရေတံခွန် အနီးက ပြည်ထောင်စုကားလမ်းမကြီးဘေးမှာ စစ်ကောင်စီ ကင်းပုန်းတစ်ခုကို သွားရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ပစ်ခတ်မှုက ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပြီး ကျေးရွာနေ ပြည်သူတွေနဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်းနဲ့ စစ်ရေးကို အရှိန်မြင့် ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဝိုင်ဒင်းတိုက်ပွဲကြောင့် ဒေသခံ ၁၃၀ ကျော်ဟာထိုင်းဘက်ကို စစ်ဘေးရှောင်နေရပါတယ်။

The Tanintharyi Times