မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအမြန်ဆုံးရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလလုံခြုံရေးကောင်စီ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချမှတ်

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအမြန်ဆုံးရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလလုံခြုံရေးကောင်စီ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ချမှတ်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို မနေ့က (ဒီဇင်ဘာလ ၂၁ရက်) ကန့်ကွက်တဲ့နိုင်ငံမရှိဘဲ အတည်ပြုခဲ့ပါတယ်။

ဗြိတိန်က တင်သွင်းထားတဲ့ အဆိုပြုချက်ကို ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မဲမပေးဘဲ ကြားနေခဲ့ကြပြီး ကျန်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအားလုံး ထောက်ခံအတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUGက ထောက်ခံကြိုဆိုလိုက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဒီဆုံးဖြတ်ချက်ကတဆင့် စစ်အာဏာရှင်တွေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အဆုံးသတ်ရေး ထပ်ပြီး‌တော့ ပြင်းထန်တဲ့အရေးယူမှုတွေ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ပြီး ကုလသမဂ္ဂထံ ပြန်လည်ရှင်းလင်းတင်ပြပေးဖို့တွေလည်း တောင်ဆိုချက်ထဲမှာ ပါဝင်နေပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့အရေးနဲ့ပက်သက်ပြီး ကုလလုံခြုံရေးကောင်စီမှာ နှစ်ပေါင်း ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ် အတည်ပြုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times