ထိုင်းဝန်ကြီးဟောင်း ဖယ်ထောင်တန် ဖွေ့ထိုင်း ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်
ထိုင်းဝန်ကြီးဟောင်း ဖယ်ထောင်တန် ဖွေ့ထိုင်း ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်
ထိုင်းဝန်ကြီးဟောင်း ဖယ်ထောင်တန်ဟာ ဖွေ့ထိုင်း ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက် လိုက်ကြောင်း ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ကထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံ မှာ လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန်မှာဝန်ကြီးချုပ်ဟောင်း ဖယ်ထောင်တန်က အခုလိုကြေညာခဲ့တာပါ။
“ ပါတီအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်ဖို့ ဒီဆုံးဖြတ်ချက်ကို ကျမသတ္တိရှိရှိ ချမှတ်ခဲ့တာ ဖြစ်တယ်” လို့ ဖွေ့ထိုင်းပါတီ နဲ့ ထိုင်းလူထုကို ရွည်ညွှန်းထုတ်ပြန်တဲ့ တဲ့စာထဲမှာ ထည့်သွင်းရေးသား ထားပါတယ်။
ပြည်သူတွေအတွက် စစ်မှန်တဲ့ အပြောင်းအလဲတွေကို ဖွေ့ထိုင်းပါတီက ယူဆောင်လာမယ်လို့ လည်း ဖယ်ထောင်တန် ကပြောပါတယ်။
လက်ရှိကာလဟာ ကမ္ဘာတစ်ဝန်းမှာ ထိလွယ်ရှလွယ်ပြီး ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေ ကို ဖြတ်သန်းနေရပြီး ထိုင်းနိုင်ငံဟာလည်း အရေးကြီး တဲ့အချိန်အပိုင်းအခြား မှာရောက်ရှိနေတာကြောင့် ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်တယ်လို့ဆိုပါတယ်။
ဖွေ့ထိုင်း ပါတီဟာလည်းထိုင်းနိုင်ငံမှာ အဓိကနိုင်ငံရေးပါတီတွေထဲကတစ်ခုဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေးမဖြစ်မနေလိုအပ်နေတာကြောင့် အခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ လည်း ဖယ်ထောင်တန် ကပြောပါတယ်။
“ပါတီ မှာရှိနေသူတွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့၊ ပြီးပြည့်စုံတဲ့ ပါတီသစ် တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် ပါတီခေါင်းဆောင်ရာထူးကနေ ကျမ နုတ်ထွက်တာဖြစ်တယ်” လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ မှာ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် နဲ့ ဖယ်ထောင်တန်တို့ ဖုန်းပြောကြား ခဲ့တဲ့ အသံဖိုင်မှာ ဝန်ကြီးချုပ်တစ်ယောက် ရဲ့ ကျင့်ဝတ်တွေ ချိုးဖောက်ခဲ့တယ်လို့ ဆိုကာ ထိုင်း အခြေခံ ဥပဒေခုံရုံး က ဖယ်ထောင်တန်ကို ရာထူးက ရပ်ဆိုင်းခဲ့ပါတယ်။
အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း တာဝန်ယူတဲ့ အနေနဲ့ ဖယ်ထောင်တန် က တာဝန်ယူ၊တာဝန်ခံ တဲ့ အနေနဲ့ ရာထူးကနုတ်ထွက်ခဲ့တာလို့ ထိုင်း သတင်းတွေက ဖော်ပြနေကြပါတယ်။
ဖယ်ထောင်တန် က အခုလို နုတ်ထွက်လိုက်တာကြောင့် ဖွေ့ထိုင်း ပါတီထဲမှာ ရှင်နာဝပ်မိသားစုတွေ မပါဝင်ဘဲ လာမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times
