အခြေခံပညာ အလယ်တန်းကျောင်းသားတွေ NwayOo Federal Hight School မှာ ကျောင်းအပ်နိုင်ပြီ
အခြေခံပညာ အလယ်တန်းကျောင်းသားတွေ NwayOo Federal Hight School မှာ ကျောင်းအပ်နိုင်ပြီ
Grade 7၊ Grade 8နဲ့ Grade 9 ကျောင်းသား/သူတွေကို ကျောင်းအပ်လက်ခံနေပြီလို့ NwayOo Federal Hight School က ကြေညာထားပါတယ်။
ကျောင်းချိန်က ည ၇ နာရီကနေ ၁၀ နာရီ အထိ အွန်လိုင်းကနေ သင်ကြားမှာ ဖြစ်ပါတယ်။
Grade 7 အတွက် လိုအပ်ချက်
~~~~~~~~~~~~~~~~~~~~
– Covid ကာလနဲ့ တော်လှန်ရေးမတိုင်ခင် Grade 6(သင်ရိုးသစ်)ကို အောင်မြင်ထားရပါမယ်။
– (သို့မဟုတ်) တော်လှန်ရေးကာလတွင် Grade 6 သင်ထားပြီးသား ဖြစ်ရပါမယ်။
– အသက် ၁၂ နှစ်ပြည့်ထားပြီးသူ ဖြစ်ရပါမယ်။
Grade 8 အတွက် လိုအပ်ချက်
~~~~~~~~~~~~~~~~~~~~~
– Covid ကာလနဲ့ တော်လှန်ရေးမတိုင်ခင် ဆဌမတန်းသင်ရိုး အောင်မြင် ထားရပါမယ်။
– (သို့မဟုတ်) တော်လှန်ရေးကာလတွင် Grade 7 သင်ရိုးသစ် သင်ထားပြီးသား ဖြစ်ရပါမယ်။
– အသက် ၁၃နှစ် ပြည့်ထားပြီးသူ ဖြစ်ရပါမယ်။
Grade 9 အတွက် လိုအပ်ချက်
~~~~~~~~~~~~~~~~~~~~~
– Covid ကာလနဲ့ တော်လှန်ရေးမတိုင်ခင် သတ္တမတန်း သင်ရိုးအောင်မြင်ထားရပါမယ်။
– (သို့မဟုတ်) တော်လှန်ရေးကာလတွင် သတ္တမတန်း သင်ရိုးဟောင်း အောင်မြင်ထားရပါမယ်။
– အသက် ၁၄ နှစ် ပြည့်ထားပြီးသူ ဖြစ်ရပါမယ်။
(အသုံးပြုမယ့် သင်ရိုး)
Grade 7 အတွက် Grade 7 သင်ရိုးသစ်၊
Grade 8 အတွက် Grade 8 သင်ရိုးသစ်နဲ့သင်ရိုးဟောင်း ဇာတကဝတ္ထုတွေ၊
Grade 9 အတွက် အဌမတန်း သင်ရိုးဟောင်းနဲ့ သင်ရိုးသစ် Grade 8 မြန်မာစာ၊ သင်ရိုးသစ် Grade 8 မြန်မာ့သမိုင်း (Grade 8 သင်ရိုးသစ် သင်ခန်းစာတွေနဲ့ ပေါင်းစပ်သင်ကြားပေးမယ်)
ကျောင်းအပ်လိုသူတွေ အနေနဲ့ Page>>> https://www.facebook.com/profile.php?id=100084610785097 ကို ဆက်သွယ်ပြီး အတန်း Link တောင်းယူနိုင်ပါတယ်။
The Tanintharyi Times
