မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် အတွက် ကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မယ်လို့ အမေရိကန်အစိုးရ ပြော
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် အတွက် ကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မယ်လို့ အမေရိကန်အစိုးရ ပြော
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန် ဒေါ်လာ ၁၁၆ သန်း ထပ်မံပေးအပ်သွားမယ် လို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် မနေ့က ကြာသာပါတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရ က ပေးအပ်မယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန် ဒေါ်လာ ၁၁၆ သန်း ထဲက ၇၄ သန်းကို မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နဲ့ ရိုဟင်ဂျာ လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ အန်တိုနီ ဘလင်ကန် ကဆိုပါတယ်။
မြန်မာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်ဟာ ၂၀၁၇ ခုနှစ်ကတည်း က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို ရွေ့ပြောင်းခဲ့ရပြီး အဲ့ဒီကာလကတည်းက အမေရိကန် အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံကျော်ရှိ တယ်လို့ ဘလင်ကန် ကပြောပါတယ်။
The Tanintharyi Times
