လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ နေ့လည်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်နေမှုတွေကြောင့် ကျဆုံးသွားခဲ့ကြရတဲ့ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “သူရဲကောင်းတို့ရဲ့သွေး ဘယ်တော့မှ မခန်းခြောက်ဘူးဟေ့” ဆိုတဲ့ ဘန်နာကိုကိုင်ဆွဲချီတက်ခဲ့ကြပါတယ်။
The Tanintharyi Times
