သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်သား လေးဆယ်ကျော်သေဆုံး

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်သား လေးဆယ်ကျော်သေဆုံး

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်မှာ တစ်လကျော်ကာလအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား လေးဆယ်ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၈ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

ဇွန်လ ၃ ရက်ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိ တစ်လကျော်ကာလမှာ တောင်ပျောက်တိုက်နယ်နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၄၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၄၄ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒေါင်းမင်းစစ်ဆင်ရေး၊ ကစယ်ဒိုကျား၊ ဖက်ဒရယ်စစ်ကြောင်း၊ DDF၊ တောင်ပိုင်းအင်အားစုတို့ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၈ ဦး ကျဆုံးခဲ့ပြီး ၄ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီတပ်တွေအခြေစိုက်ရာတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးရာမှာ နယ်ခြားစောင့်တပ်(BGF) တွေအပါအဝင် အင်အားအမြောက်အများအသုံးပြုခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times