ပုလောမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ
ပုလောမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ
မြိတ်ခရိုင် ပုလောမြို့နယ် ပဝကုန်းရွာမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်က ညနေပိုင်း ၃ နာရီ အချိန်မှာ ပဝကုန်းရွာ၊ မြိတ် – ထားဝယ်ကားလမ်းမပေါ် လမ်းဆုံနှစ်နေရာမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကရင်ပြည့်ကာကွယ်ရေးတပ်ဖွဲ့(ပုလော)ကတော့ ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၅ ဦးခန့် ထိခိုက်နိုင်ပြီး သေဆုံးမှုအခြေနေကိုတော့ အတိကျမသိနိုင်သေးဘူးလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ကလည်း ပဝကုန်းရွာအနီးမှာ စစ်ကောင်စီတပ်သားတွေ မိုင်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
The Tanintharyi Times