တနင်္သာရီတိုင်းမှာ နောက် ၄ ရက်အတွင်း လေပြင်းတိုက်တာနဲ့မိုးကြီးတာ ဖြစ်ပေါ်နိုင်

တနင်္သာရီတိုင်းမှာ နောက် ၄ ရက်အတွင်း လေပြင်းတိုက်တာနဲ့မိုးကြီးတာ ဖြစ်ပေါ်နိုင်

Weather2022

တနင်္သာရီတိုင်းမှာ နောက် ၄ ရက်အတွင်း လေပြင်းတိုက်တာနဲ့ မိုးကြီးတာ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလ ကထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင် နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးတာ နေရာကွက်ပြီး မိုးကြီးတာတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက် လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်း တစ်နာရီမှာ မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့သိရပါတယ်။

လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၃) ပေခန့်အထိရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times