ကိယက်ဗ်ရှေ့တန်းစစ်မျက်နာက လက်ထပ်ပွဲ

ကိယက်ဗ်ရှေ့တန်းစစ်မျက်နာက လက်ထပ်ပွဲ

The Tanintharyi Times

ရုရှားကျူးကျော်စစ်ကို ကာကွယ်ဖို့ လက်နက်ကိုင်ပါဝင်လာတဲ့ Lesya Filimonova နဲ့ Valeriy Filimonov တို့ဟာ သူတို့နိုင်ငံ ယူကရိန်းရဲ့မြို့တော်ကိယက်ဗ်ရဲ့ ရှေ့တန်းစစ်မျက်နာမှာပဲ လက်ထပ်ပွဲ ကျင်းပခဲ့ကြပါတယ်။

မတ်လ ၆ ရက်က ကျင်းပတဲ့ သူတို့လက်ထပ်ပွဲမှာ စစ်ဝတ်စုံတွေ ဝတ်ဆင်ထားပြီး လက်ပစ်ဗုံးတွေ၊ ဒုံးကျည်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားတွေ၊ ကျည်ကာအင်္ကျီဝတ်ဆင်ထားတဲ့ စစ်သားတွေနဲ့ သတင်းထောက်တွေအနားမှာ ရှိနေတယ်လို့ Washington Post သတင်းမှာဖော်ပြထားတယ်။
ကိုးကား- New York Post၊ epa