မွန်ပြည်သားနဲ့ တနင်္သာရီသူ
မွန်ပြည်သားနဲ့ တနင်္သာရီသူ
သူတို့ရဲ့ ရော်ဘာခြံအလုပ်က ညဘက်ကြီး တောကြီးမျက်မည်းထဲ ရော်ဘာစေး ခြစ်ရတာမျိုး။ နှစ်ယောက်ပေါင်းလုပ်တော့ အလုပ်ပိုတွင်။မနက်ခင်း ရော်ဘာစေးသွားပို့တာတို့၊ချက်ရေးပြုတ်ရေးတို့၊ပြီးတော့ လူတစ်ယောက် အရသာ စိတ်လှုပ်ရှားစရာ ရင်ခုန်သံတွေနဲ့ အိမ်တစ်အိမ်မှာ မိန်းမတစ်ယောက်ရဲ့ ရယ်သံလွင်လွင်လည်း လိုအပ်တယ်မဟုတ်လား။
“တချို့က ပွဲစားတွေဆီသွားပြီး ကိုယ်နဲ့ တစ်နှစ်အတူနေဖို့ မိန်းမသွားရှာကြတယ်။တချို့ကတော့ ကိုယ့် နီးစပ်ရာကနေတစ်ဆင့်ပေါ့။ကျနော့်မိန်းမကျတော့ ရော်ဘာကောင်းကောင်းခြစ်တတ်တယ်။ ရော်ဘာခြစ်ဖို့ ရောက်လာတာ။ မိန်းကလေးတစ်ယောက်တည်း ရော်ဘာခြစ်ဖို့လည်း မလွယ်ဘူးလေ။ ကျနော်လည်း သဘောကျတာနဲ့ နှစ်ယောက်တစ်နှစ်အတူပေါင်းပြီး လုပ်ကိုင်ကြဖို့ သဘောတူလိုက်ကြတယ်”လို့ သူက ဆိုတယ်။
The Tanintharyi Times
