ရန်ကုန်မြစ်ဝမှာ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်
ရန်ကုန်မြစ်ဝမှာ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်

ရန်ကုန်မြစ်ဝ မှာ ထိုင်းဘက်ကကုန်စည်တွေတင်ဆောင်လာတဲ့ ကမ်းရိုးတန်းသွားကုန်တင်သင်္ဘော တစ်စင်းနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
ရနောင်း-ကော့သောင်းဘက်က ကုန်အပြည့်နဲ့ထွက်ခွာလာတဲ့ ရွှေပြည့်ချမ်းသာ ကမ်းရိုးတန်းသွားသင်္ဘောဟာ ရန်ကုန်မြစ်ဝမှာ နှစ်မြုပ်ခဲ့တယ်လို သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၅ နာရီလောက်မှာ ရန်ကုန်မြစ်ဝ၊ ရေကြောင်းပြစခန်းကနေ ရေမိုင် ၇ မိုင် အကွာ ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာပါ။ အခြားလှေတွေက ဝိုင်းဝန်းကူညီခဲ့လို လှေပေါ်လိုက်ပါလာသူတွေ ဘေးကင်းတယ်လို ကနဦးသိရပါတယ်။
သင်္ဘောမှောက်တဲ့အတွက် ကုန်ပစ္စည်းအားလုံး ဆုံးရှုံး ခဲ့တယ်လို့ သိရပြီး အဲ့ဒီ သင်္ဘောမှာ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေ သယ်ယူလာတာ ဖြစ်တယ်လို့ သိရပါတယ်။
Connect Burma
The Tanintharyi Times