ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီထုတ်အရက်၊ ဘီယာတွေကို နှစ်ရက်ဆက်ဖျက်ဆီး
ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီထုတ်အရက်၊ ဘီယာတွေကို နှစ်ရက်ဆက်ဖျက်ဆီး
ထားဝယ်-ထီးခီးလမ်းပိုင်းမှာ စစ်ကောင်စီထုတ် အရက်ဘီယာတွေကို နှစ်ရက်ဆက်ဖမ်းဆီးပြီးဖျက်ဆီးခဲ့တယ်လို့ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု(DEF-PDF) ကပြောပါတယ်။
ဇွန်လ ၁၉ ရက်နဲ့ ၂၀ ရက်နေ့မှာ ထားဝယ်မြို့ဘက်ကနေ သယ်ဆောင်လာတဲ့ Dagonအမှတ်တံဆိပ် ပါအရက်ပုလင်းတွေ၊ မန်းရမ်အမှတ်တံဆိပ် အရက်ပုလင်းတွေ၊ Goldအမှတ်တံဆိပ် အရက်ပုလင်းတွေ၊ မြန်မာရမ်တွေနဲ့ ဘီယာဘူးတချို့ကို ဖမ်းဆီးပြီးဖျက်ဆီးခဲ့တယ်လို့ DEF-PDF ရဲ့ တာဝန်ရှိသူကပြောပါတယ်။
“စစ်ဆေးလိုက်တဲ့အချိန်မှာ အာမီရမ်တွေလည်းတွေ့ရတယ်။ ကားပိုင်ရှင်ကိုတော့ နောက်တစ်ခါထပ်မသယ်လာဖို့ သိပေးလိုက်တယ်” လို့ တာဝန်ရှိသူကဆိုပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးထောင့်တိုင်လုပ်ငန်းတွေကနေ ဝင်ငွေမရရှိစေဖို့ရည်ရွယ်ပြီး အခုလိုဖျက်ဆီးတာဖြစ်တယ်လို့ဆိုပါတယ်။
ထားဝယ်အရှေ့တောမှာရှိတဲ့ ကုန်စုံဆိုင်တွေနဲ့ ကုန်ကားတွေမှာ စစ်ကောင်စီရဲ့ထုတ်ကုန်တွေတွေ့ရှိရင် သိမ်းဆည်းဖျက်ဆီးမှာဖြစ်တယ်လို့လည်း DEF – PDF က သတိပေးထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
