စစ်ကောင်စီနဲ့ BGFဟာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ KNDO – Special တပ်ရင်း တံဆိပ်တွေတပ်ပြီး ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေ

စစ်ကောင်စီနဲ့ BGFဟာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ KNDO – Special တပ်ရင်း တံဆိပ်တွေတပ်ပြီး ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေ

KNDO

စစ်ကောင်စီနဲ့ လက်အောက်ခံ BGF အဖွဲ့တို့ဟာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ KNDO-Special တပ်ရင်းတို့ရဲ့ တပ်ဖွဲ့တံဆိပ်တွေ တပ်ဆင်ကာ ပြည်သူတွေအပေါ် အနိုင်ကျင့်အကြမ်းဖက်မှုတွေ ဆောင်ရွက်နေတဲ့အပေါ် ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ စာထုတ်ပြီး သတိပေးထားပါတယ်။

ဒါကြောင့် အများပြည်သူကို အနိုင်ကျင့်တာတွေနဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးရန်ပြုတာတွေဟာ မိမိတို့မဟာမိတ်ညီနောင်တွေရဲ့ လက်ချက်မဟုတ်ကြောင်းနဲ့ ပြည်သူလူထုအပေါ် ထင်ယောင်ထင်းမှားဖြစ်စေဖို့ သပ်လျှို၊သွေးခွဲတာနဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို ပြုလုပ်နေသူတွေကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘဲ အမြစ်ဖြတ် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်စာမှာ ပြင်းထန်စွာသတိပေးဖော်ပြထားပါတယ်။

“BGF တွေက ငါတို့ရဲ့ KNDO တံဆိပ် အမှတ်အသားကို အသုံးပြုထားတယ်လို့ကြားသိရပါတယ်။ အဲဒါကို မိဘပြည်သူများအနေနဲ့ KNDO လို့အထင်မမှားပါနဲ့” လို့လည်း KNDO-Special တပ်ရင်းက သတိပေးအကြာင်းကြား စာထုတ်ပြန်ထားပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာဖေ့ဘုတ်နဲ့ YouTube ကနေ ၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကို အများသိစေဖို့ အလျင်းသင့်သလို ဖော်ပြပေးနေတယ်လို့ ထုတ်ပြန်စာမှာ ရေးထားပါတယ်။

The Tanintharyi Times