မြိုင်သာရွာက ရွာသားတစ်ဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိ
မြိုင်သာရွာက ရွာသားတစ်ဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိ
ကျွန်းစုမြို့နယ်၊ မြိုင်သာရွာနေ အမျိုးသားတစ်ဦးရဲ့အလောင်းကို သေနတ်ဒဏ်ရာတွေနဲ့ ရွာအရှေ့ဘက်ချောင်းဝကမ်းစပ်မှာ သေဆုံးနေတာတွေခဲ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးခင်ချိုဆိုသူဖြစ်ပြီး အခုလ ၅ ရက်နေ့ ည ၈နာရီခန့်က နေအိမ်မှာရှိနေစဥ် လက်နက်ကိုင်လူတစ်စုကလာရောက်ခေါ်ဆောင်သွားတာပါ။
ဦးခင်ချို ဟာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ “သူက pdf တွေနဲ့တွေ့တဲ့ ပြည်သူစာရင်းတွေကို ဓာတ်ပုံနဲ့တကွ စစ်တပ်ဘက်ကို သတင်းပေးတယ်။ pdf တွေ ရွာထဲဝင်ရင်လည်း လူအရေအတွက်ကစ သတင်းပေးတယ်။” လို့ ပြောပါတယ်။
ဖော်ပြပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာကိုတော့ အခုအချိန်အထိ ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
ဦးခင်ချို ဖမ်းဆီးခံခဲ့ရတဲ့ညမှာပဲ အမျိုးသားနှစ်ဦးလည်း နောက်ထပ်ဖမ်းဆီးခံခဲ့ရပေမဲ့ ၎င်းတို့နှစ်ဦးကတော့ ပြန်လွတ်မြောက်လာတယ်လို့သိရပါတယ်။ဦးခင်ချိုရဲ့ ရုပ်အလောင်းကို ရွာရဲ့သင်္ချိုင်းမှာ သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
မြိုင်သာရွာဟာ ကျွန်းစုမြိုနယ်၊ ဘန္ဒနဲကျေးရွာအုပ်စု၊ ရှော်တော်မော်ကျေးရွာအရှေ့ဘက် ရေမို င်(၁၈) မိုင်ခန့်အကွာမှာ တည်ရှိတာဖြစ်ပါတယ်။
The Tanintharyi Times
