တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး
တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

တနင်္သာရီမြို့နယ်က စစ်ကောင်စီယာဥ်တန်း မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
မြိတ်မြို့ဘက်ကနေ စစ်ကားကြီးတစ်စီးအပါအဝင် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၃စီးပါယာဥ်တန်း မြိတ်-ကော့သောင်း လမ်းအတိုင်းဆင်းလာချိန် မနက် ၁၀ နာရီလောက်မှာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးမှာတိုက်ခိုက်ခံရတာပါ။
တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိုင်းဆွဲခံရပြီးနောက်စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။
အခုတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိတ်ခရိုင်PDF တပ်ရင်း (၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
အခုလ ၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ ၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း ပြည်သူ့ကာကွယ်ရေးဘက်ကလည်း လက်နက်ကြီးထိမှန်ပြီး ရဲဘော်တစ်ဦးကျဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
The Tanintharyi Times