မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ စိတ်ဝင်စားဖွယ် အချက် (၅) ချက်
မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ စိတ်ဝင်စားဖွယ် အချက် (၅) ချက်
၁။ ကလေးမွေးဖွားတဲ့ အချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်က နို့ချိုတိုက်ကျွေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ နို့ဦးရည်က အရည်ပျစ်ပြီး အဝါရောင်ရှိပါတယ်။ နို့ဦးရည်မှာ ရေဓာတ်ပါဝင်မှု နည်းတာကြောင့် ပမာဏအနည်းငယ်သာ တိုက်ကျွေးဖို့ လိုအပ်ပါတယ်။
၂။ မိခင်နို့ တိုက်ကျွေးနေစဥ် ကာလအတွင်း မိခင်နဲ့ ကလေးငယ် နှစ်ဦးစလုံးမှာ စိတ်ဖိစီးမှုနဲ့ စိုးရမ်ပူပန်မှု လျော့နည်းစေတဲ့ အောက်ဆီတိုစင် (Oxytocin) ဟော်မုန်း ထွက်ရှိတာကြောင့် မိခင်နဲ့ ကလေးအကြား ချစ်ခင်တွယ်တာမှုကို ဖြစ်ပေါ်စေပါတယ်။
၃။ မိခင်နို့ တိုက်ကျွေးခြင်းက ကလေးငယ်ရဲ့ အူလမ်းကြောင်းအတွင်း အကျိုးပြု ဘက်တီးရီးယားတွေကို ဖြစ်ထွန်းစေတာကြောင့် ကလေးငယ်ရဲ့ ဘဝအတွက် ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကို ရရှိစေပါတယ်။
၄။ မိခင်နို့မှာ ပါဝင်တဲ့ ပဋိပစ္စည်းတွေက ကလေးငယ်ကို ပတ်ဝန်းကျင်က ကူးစက်ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ဖို့ အထောက်အကူပြုပါတယ်။
၅။ ကလေးငယ်တွေက မွေးခါစ ပထမရက်အနည်းငယ်မှာ မကြာခဏ နို့စို့လေ့ရှိပါတယ်။ အစောပိုင်းရက်တွေမှာ ကလေးငယ် နို့စို့တဲ့အကြိမ်ရေ များလေလေ၊ မိခင်ရဲ့ ခန္ဓာကိုယ်မှ မိခင်နို့ ပိုမိုထွက်ရှိဖို့ မြန်လာလေလေ ဖြစ်ပါတယ်။
Source: World Health Organization (WHO)
(တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ဖေ့ဘုတ်စာမျက်နာက ရယူဖော်ပြထားတာ ဖြစ်ပါတယ်။)
The Tanintharyi Times
