ဘန်ကောက်ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စင်ကာပူ တောင်းဆို
ဘန်ကောက်ဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စင်ကာပူ တောင်းဆို
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပနေတဲ့မြန်မာအရေးအလွှတ်သဘောတွေ့ဆုံဆွေးနွေးပွဲ မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်က စစ်ကောင်စီထံတောင်းဆိုလိုက်ပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ က အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို အစည်းအဝေး အတွင်းပြောကြားခဲ့တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာတွေ တဆင့် ဗီဗီယန်ဘာလာကရစ်ရှနန်က သိပေးထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအရေး နဲ့ပတ်သက်ပြီး အိမ်နီးခြင်းနိုင်ငံတွေ ပါဝင်တဲ့ အစည်း အဝေးကို ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပြီး ဒီနေ့ (ဒီဇင်ဘာ လ ၂၀ ရက်) အာဆီယံအဖွဲ့ဝင်တွေ သီးသန့်ဆွေးနွေးနေကြတာဖြစ်ပါတယ်။
အစည်းအဝေး ပထမရက်မှာတော့ မြန်မာနဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ထိုင်း တို့ ပါဝင်ပါတယ်၊ ဒီနေ့ ကျင်းတဲ့ အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီအစည်းအဝေး နှစ်ခုလုံးမှာ စစ်ကောင်စီဘက်က နောက်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့်အစီအစဥ်ကို တင်ပြခဲ့တယ်လို့သိရှိရပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းသုံးဦးက လည်းဒီဇင်ဘာ ၁၉ ရက် ဒီနေ့မှာ တိုက်တွန်းထာတယ်လို့ Independent သတင်းက ဖော်ပြပါတယ်။
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းသုံးဦးဖြစ်တဲ့ William Hague, Sir Malcolm Rifkind နဲ့ Jack Straw တို့က တိုက်တွန်းတာဖြစ်ပါတယ်။
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
