အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင် တက်ရောက်ဖို့ရှိတယ်လို့ မလေးရှားသတင်းဌာနဖော်ပြ
အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ခေါင်းဆောင် တက်ရောက်ဖို့ရှိတယ်လို့ မလေးရှားသတင်းဌာနဖော်ပြ
မလေးရှားနိုင်ငံ၊ကွာလာလိမ်ပူမြို့ မှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာစစ်အာဏာရှင်မင်းအောင်လှိုင် တက်ရောက်ဖို့ရှိတယ်လို့ မလေးရှား အခြေစိုက်သတင်းဌာန News Straits Times က ဖော်ပြပါတယ်။
အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်ထိ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပါ တက်ရောက်ဖို့ရှိနေတာပါ။
အာဆီယံထိပ်သီးအစည်းအဝေးကို ထရမ့် အပြင် ကနေဒါဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ ဆိုက်ပရပ်စ် သမ္မတ၊ ဖင်လန် ဝန်ကြီးချုပ်တို့ ပါ တက်ရောက်ဖို့ရှိနေတာဖြစ်ပြီး တရုတ်သမ္မတရှီကျင်ဖျင် တက်ရောက်မယ်လို့ သတင်းထွက်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
အဲ့ဒီ အစည်းအဝေးမှာပဲ အရှေ့တီမောနိုင်ကို အာဆီယံအဖွဲ့ဝင်သစ်အဖြစ် လက်မှတ်ရေးထိုးဝင်ရောက်မယ့် အခမ်းအနားလည်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အဲ့ဒီအစည်းအဝေ ဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်း ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဆောင်မှု မရှိဘူးလို့ဆိုကာ စစ်ခေါင်းဆောင်င်ကို အာဆီယံထိပ်သီးညီလာခံတွေ နဲ့ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး နိုင်ငံရေး နဲ့ မသက်ဆိုင်တဲ့ ကိုယ်စားတစ်ဦးသာ စေလွှတ်ဖို့ မူချထားတာဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်ခေါင်းဆောင်ဟာ အာဆီယံ ဘုံသဘောတူညီချက်ကိုအကောင်အထည်ဖော်ဆောင်ရွက် ခြင်းမရှိပေမယ့် လည်း မလေးရှား က အာဆီယံ ထိပ်သီးအစည်းအဝေးကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ကိုးကား – News Straits Times
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
