ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲပြီးနောက် မြဝတီ – မယ်ထော်သလေးကားလမ်းပိတ်ကာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆေးနေ
ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲပြီးနောက် မြဝတီ – မယ်ထော်သလေးကားလမ်းပိတ်ကာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ဆေးနေ

မြဝတီမြို့မှာ ဒီကနေ့ မနက်က ဗုံးနှစ်လုံးပေါက်ကွဲ ခဲ့တဲ့အတွက် မြဝတီ – မယ်ထော်သလေးကားလမ်းကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားပြီး စစ်ကောင်စီ တပ်ဖွဲ့တွေ စစ်ဆေးနေတယ်လို့ KIC သတင်းက ဖော်ပြထားပါတယ်။
မြဝတီမြို့တွင်းရှိ ဧရာဝတီဓာတ်ဆီနဲ့ ကုန်စုံဆိုင် အရှေ့မှာ ဒီကနေ့ မနက် ၁၀ နာရီ ကျော်လောက်က ဗုံး နှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်တဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီ တပ်ဖွဲ့တွေကတော့ မြဝတီမြို့ တောင်ပိုင်း မယ်ထော်သလေး၊ လေးကေ့ကော်မြို့သစ်သွားတဲ့ လမ်းကိုပါ ပိတ်ဆို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်သူတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times