နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ စုစုပေါင်း ၁၉၉၃ ဦး ရှိပြီ
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ စုစုပေါင်း ၁၉၉၃ ဦး ရှိပြီ

နွေဦးတော်လှန်ရေးကာလမှာ ကျဆုံးခဲ့သူ စုစုပေါင်းဟာ ၁၉၉၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက သိရပါတယ်။
အာဏာသိမ်းမှုအစ ၂၀၂၁၊ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီနေ့ ဇွန်လ ၂၀ရက်နေ့အထိ ရက်ပေါင်း ၅၀၅ရက် အထိရရှိထားတဲ့စာရင်းတွေ ဖြစ်တယ်လို့သိရပါတယ်။
ဒီအရေအတွက်ဟာ AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက်သာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူဟာ အဲဒီအရေအတွက်ထက် ပိုများနေနိုင်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါ့အပြင် ဒီနေ့အထိဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်းဟာ ၁၁၁၂၄ ဦးရှိပြီး သူတို့ထဲက ၁၁၆၄ ဦး ထောင်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့သိရပါတယ်။
ပြစ်ဒဏ်ကျခံရသူထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးအပါအဝင် စုစုပေါင်း ၁၁၅ ဦးဟာ သေဒဏ်ချမှတ်ခံထားရတယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေရဲ့လက်ချက်ကြောင့် တစ်ပတ်အတွင်း သေဆုံးသူဟာ လောင်းလုံးမြို့နယ်မှာ ၃ဦးနဲ့ တနင်္သာရီမြို့နယ်မှာ ၃ဦးရှိပါတယ်။
The Tanintharyi Times