တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ဖမ်းဆီးသတ်ဖြတ်ခံရပြီး ကျဆုံး
တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင် ဖမ်းဆီးသတ်ဖြတ်ခံရပြီး ကျဆုံး
တနင်္သာရီမြို့နယ် ၊ သာရဘွင်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့တယ်လို့ တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစုကထုတ်ပြန်ပါတယ်။
ကျဆုံးသွားသူမှာ တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု(SWDF) နဂါးနက်စစ်ကြောင်းခေါင်းဆောင် ဦးဆေးတံ ဖြစ်တယ်လို့သိရပါတယ်။
မနေ့ကတိုက်ပွဲအတွင်းမှာ စစ်ကောင်စီကသူ့ကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဦးဆေးတံအတွက် လေးစားဂုဏ်ယူကြောင်းနဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေနဲ့ထပ်တူခံစားရကြောင်းကိုလည်း (SWDF)ကထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
