စစ်ပွဲရပ်တန့်ရေး အတွက် ထရမ့်၊ ဇယ်လန်းစကီးနဲ့ ဥရောပ ခေါင်းဆောင်တွေ တွေ့ဆုံ

စစ်ပွဲရပ်တန့်ရေး အတွက် ထရမ့်၊ ဇယ်လန်းစကီးနဲ့ ဥရောပ ခေါင်းဆောင်တွေ တွေ့ဆုံ

ရုရှား – ယူကရိန်း စစ်ပွဲရပ်တန့်ရေးအတွက် အမေရိကန် သမ္မတ ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ ရဲ့ အလာစကာ တွေ့ဆုံပွဲအပြီး ရက်ပိုင်းအကြာမှာပဲ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ ဥရောပ သမသမဂ္ဂ ခေါင်းဆောင်တွေနဲ့အိမ်ဖြူတော်မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ထရမ့် နဲ့ ယူကရိန်း သမ္မတ ဇယ်လန်းစကီး အပြင် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ၊ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်၊ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ်မားဇ်၊ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဖင်လန် သမ္မတ အလက်ဇန္ဒား စတက်ဘ်၊ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်၊ NATO မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးတို့ပါ ပါဝင် တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲ မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲ အဆုံးသတ်ရေး နဲ့ ယူကရိန်း လုံခြုံရေးအတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အာမခံတယ်လို့ အဆိုပြုခဲ့ပေမယ့် ဘယ်လောက်ထိ ကူညီမယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။

“လုံခြုံရေးနှင့်ပတ်သက်လာရင် ယူကရိန်း အနေနဲ့ အကူအညီများစွာ ရှိလိမ့်မယ်” လို့ ထရမ့်က ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဇယ်လန်းစကီး ဘက်ကတော့ ဒီနေ့တွေ့ဆုံပွဲမှာ တိုးတက်မှုတွေရှိလာတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က ဒေါ်နယ်ထရမ့် ဇယ်လန်းစကီး တို့ အခြေအတင်ဖြစ်ခဲ့တဲ့ တွေ့ဆုံမှု ထက်ပိုပြီးတိုးတက်လာတယ်လို့လည်း ရိုက်တာက ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ရုရှား သမ္မတပူတင်၊ အမေရိကန် သမ္မတ ထရမ့် နဲ့ ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ပွဲ လုပ်ဆောင်ဖို့ လည်း ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အိမ်ဖြူတော် ဆွေးနွေးအပြီး ဒေါ်နယ်ထရမ့် ရဲ့ လူမှုကွန်ရက်တွေမှာ ရေးသားတွေအချက်အရတော့ သုံးပွဲဆိုင်တွေ့ဆုံပွဲ အတွက် ပူတင်နဲ့ စကားပြောဆိုပြီးဖြစ်ကြောင်း ပူတင် နဲ့ ဇယ်လန်းစကီး မကြာခင် တွေ့ဆုံမယ်လို့ ဆိုပါတယ်။

ထရမ့် ကတော့ယူကရိန်းဘက်က ကာလရှည်ကြာ တောင်းဆိုနေခဲ့တဲ့ ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်ခွင့် အတွက် ဆွေးနွေးမှုတွေကို အစည်းအဝေး မတိုင်ခင်ကတည်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က ယူကရိန်း အပေါ်ရုရှားကကျူးကျော်ထားတဲ့ စစ်ပွဲရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်တို့ အလာစကာမှာတွေ့ဆုံခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ သဘောတူညီချက် တွေမရရှိခဲ့ပေမယ့် စစ်ပွဲရပ်တန့်ရေးအတွက် အပြုသဘောဆောင် တဲ့ ဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့တယ်လို့လည်း နှစ်ဖက်ပြောကြားမှုတွေအရသိရပါတယ်။

ကိုးကား – ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times