နေအိမ်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ ဗဟိုဘဏ်ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေကို ဥက္ကဌ ရာထူးတိုးမြှင့်

နေအိမ်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ ဗဟိုဘဏ်ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေကို ဥက္ကဌ ရာထူးတိုးမြှင့်

ပုံ - စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဥက္ကဌ ရာထူး တိုးမြှင့်ခံရတဲ့ ဒေါ်သန်းသန်းဆွေ

ဧပြီလတုန်းက နေအိမ်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ ဗဟိုဘဏ် ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေကို စစ်ကောင်စီက ဥက္ကဌရာထူး တိုးမြှင့် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။

အရင် ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိန်းနဲ့ ဒုဥက္ကဌနောက်တစ်ဦးဖြစ်တဲ့ ဦးဝင်းသော်ကိုတော့ အနားပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်စာမှာ ရေးထားပါတယ်။

ဘာကြောင့် ရာထူးအပြောင်းအလဲ လုပ်တယ်ဆိုတာကိုတော့ စစ်ကောင်စီက လူထုကိုရှင်းပြတာ မရှိပါဘူး။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ရာထူးအပြောင်းအလဲကိစ္စဟာ နိုင်ငံခြားငွေနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက် အမျိုးမျိုးရဲ့ ဂယက်တွေကြောင့် ဖြစ်မယ်ဆိုတဲ့ ထင်မြင်၊ ပြောဆိုမှုတွေလည်း ဆိုရှယ်မီဒီယာမှာ ရှိနေပါတယ်။

The Tanintharyi Times