ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီး ကင်းလာစောင့်တဲ့စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရ

ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီး ကင်းလာစောင့်တဲ့စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရ

ဓာတ်ပုံ - ထားဝယ်အာဇာနည်ဗိမာန် ပုံဟောင်း။

ထားဝယ်မြို့က အာဇာနည်ဘိမာန်မှာ ကင်းလာစောင့်တဲ့စစ်ကောင်စီတပ်သားတွေကို နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ဒီနေ့မနက်ပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Guerrilla Dawei အဖွဲ့ကပြောပါတယ်။

အာဇာနည်ဗိမာန်မှာ လာရောက်အလေးပြုကြမယ့် ပြည်သူတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ်သားတွေမနေ့ညကတည်းက လာရောက်ပြီးကင်းပုန်းဝတ်နေခဲ့တယ်လို့ Guerrilla Dawei အဖွဲ့ရဲ့ တာဝန်ခံကပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေ ဆိုင်ကယ်နဲ့ ပြန်ထွက်တဲ့အချိန်ကိုစောင့်ပြီး အာဇာနည်ဗိမာန်ဝင်ပေါက်အနီးမှာ ဒီနေ့မနက် ၁၁ နာရီ ၄၀ မိနစ်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ဆိုပါတယ်။

“စစ်သားတွေမိုင်းထိမှန်လဲကျသွားတာမြင်ရတယ် သေဆုံးမှုအရေတွက်တော့မသိရသေးဘူး” လို့ Guerrilla Dawei ရဲ့တာဝန်ခံက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

ပေါက်ကွဲမှုအပြီး အဲဒီနေရာအနီးတစ်ဝိုက်စစ်ဆေးမှုတင်းကြပ်ခဲ့တယ်လို့သိရပါတယ်။

ထားဝယ်မြို့က အာဇာနည်ဗိမာန်ကို NLD အစိုးရလက်ထက်မှာဆောက်လုပ်ခဲ့တာဖြစ်ပြီး စစ်တာကအာဏာသိမ်းပြီးနောက်ပိုင်း အာဇာနည်နေ့အခမ်းအနားကျင်းပတာမျိုးမရှိပါဘူး။

The Tanintharyi Times