စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားတွေ
စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားတွေ

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့အတွက် တနင်္သာရီတိုင်းအခြေစိုက်အဖွဲ့အစည်းတချို့ရဲ့ မွေးနေ့ဆုတောင်းစကားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
ထားဝယ်ခရိုင်သပိတ်ကော်မတီ
“ဒေါ်စုနဲ့ အဖမ်းခံထားရတဲ့ တော်လှန်ရေးရဲဘော်တွေအပါအဝင် တတိုင်းပြည်လုံးကပြည်သူတွေ အကျဥ်းစံဘဝကနေလွတ်မြောက်အောင် ရုန်းထွက်နိုင်ကြပါစေ။
တော်လှန်ရေး အောင်မြင်ဖို့အတွက် စည်းလုံးမှုသည် အဓိကကျလို့ ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေအကုန်လုံး စည်းလုံးမှုကို တည်ဆောက်နိုင်ကြပါစေ။”
ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်
“ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာပြီး ရောဂါကင်းစင်ပါစေ။ အသက် ၇၇နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ရဲ့ အကျဥ်းစံဘဝအမြန်ဆုံး အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရာမှာ ပါဝင်နိုင်ပါစေ။
နိုင်ငံရေးအကျဥ်းသားအားလုံးလည်း စက်ဆုတ်ဖွယ်အချုပ်အနှောင်ကနေ လွတ်ကင်းပါစေ။ အလားတူ တစ်နိုင်ငံလုံးက ပြည်သူတွေ အာဏာရှင်စစ်မိစ္ဆာတွေရဲ့လက်အောက်က အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းစကားဆိုပါတယ်။”
တနင်္သာရီအခြေစိုက် ကျောင်းသားသမဂ္ဂများကွန်ရက်
“ဗမာပြည်သူလူထု ရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဆိုတာကို မိမိတို့ယုံကြည်ပါတယ်။ သူမရဲ့ နိုင်ငံရေးအရဩ ဇာအာဏာလွှမ်းမိုးမှုဟာ ဗမာနိုင်ငံရေးသမားတွေ အထဲမှာမှ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ တိုင်းပြည်အတွက် ပေးဆပ်ခဲ့တာ အချို့ကို အသိမှတ်ပြု လေးစားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ်အနှောင်မှ အမြန်ဆုံးလွတ်ကင်း၍ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ ဆက်လက် အထောက်အကူပြုနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
The Tanintharyi Times