ထားဝယ်အထူးစီးပွားရေးဇုန်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ လေးကြိမ်ဗုံးကြဲတိုက်ခိုက်

ထားဝယ်အထူးစီးပွားရေးဇုန်က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ လေးကြိမ်ဗုံးကြဲတိုက်ခိုက်

ရုပ်သံ - PDF T1

ထားဝယ်ခရိုင်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဇုန်အတွင်း ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း(၁) က ထုတ်ပြန်ပါတယ်။

မေလ ၁၄ ရက် မနက် ၅ နာရီခွဲအချိန်မှာ ဒရုန်းနဲ့ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးကြိမ်က ပစ်မှတ်ထိရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ကြိမ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ကြောင့် ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒရုန်းက သေနတ်နဲ့ပစ်ချခံရတာမျိုးပါ။ ဒရုန်းဆင်းခါနီးမှာ သူတို့ဘက်ကကင်းပုန်းဝပ်နေတဲ့သူတွေရှိတော့ ထိသွားတာပါ” လို့ထားဝယ်ခရိုင်တပ်ရင်း (၁)ရဲ့ပြန်ကြားရေးတာဝန်ခံ ကပ်ပတိန်ကပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေစောင့်နေတဲ့ ဂိတ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်တာအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေတဲ့အချိန်မှာပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုဟာ တနင်္သာရီတိုင်းမှာ ပထမဆုံးလေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

The Tanintharyi Times