“ဖက်ဒရယ်လစ်ဇင်၊ လူမှုစံနှုန်းနှင့် တန်ဖိုးထားမှုများ” မိတ်ဆက်သင်တန်း ဒုတိယအပတ်စဉ် အတွက် သင်တန်းလျှောက်လွှာခေါ်ယူခြင်း

“ဖက်ဒရယ်လစ်ဇင်၊ လူမှုစံနှုန်းနှင့် တန်ဖိုးထားမှုများ” မိတ်ဆက်သင်တန်း ဒုတိယအပတ်စဉ် အတွက် သင်တန်းလျှောက်လွှာခေါ်ယူခြင်း

ဖက်ဒရယ်စနစ်၊ လူမှုစံနှုန်းနှင့် တန်ဖိုးထားမှုများဆိုင်ရာ ဘာသာရပ်ကို စိတ်ပါဝင်စားပြီး လေ့လာချင်သူ တနင်္သာရီဒေသအတွင်းမှ လူငယ်များအတွက် ရည်ရွယ်ကာ Inlihtan Peninsula Tenasserim – IPT နှင့် Tanintharyi Nationalities Congress – TNC တို့ ပူးပေါင်းစီစဉ်သော “ဖက်ဒရယ်လစ်ဇင်၊ လူမှုစံနှုန်း နှင့် တန်ဖိုးထားမှုများ” မိတ်ဆက်သင်တန်းတွင်

1) Digital Literacy (ဒီဂျစ်တယ်ပညာရေး)

2) Accountability in Humanitarian Crisis (လူသားခြင်းစာနာမှု အကျပ်အတည်းအတွင်း တာဝန်ယူမှု တာဝန်ခံမှု)

3) Active Citizenship (တာဝန်ယူမှု တာဝန်ခံမှုရှိသော တက်ကြွနိုင်ငံသား)

4) Human Rights and Justice (လူ့အခွင့်အရေးနှင့် တရားမျှတမှု)

5) Gender Concepts (ကျားမရေးရာ အခြေခံသဘောတရားများ)

6) Transitional Justice (အသွင်ကူးပြောင်းကာလ တရားမျှတမှု)

7) Rule of Law (တရားဥပေဒစိုးမိုးရေး)

😎 Introduction to Federalism (ဖက်ဒရယ်လစ်ဇင် မိတ်ဆက်)

o Democracy (ဒီမိုကရေစီစနစ်)

o Federalism (ဖက်ဒရယ်လစ်ဇင်စနစ်)

o Recent Myanmar History (သမိုင်းထဲကနိုင်ငံရေး)

စသည့် အကြောင်းအရာများ ကို သင်ယူလေ့လာနိုင်မည် ဖြစ်ပါသည်။

သင်တန်းကာလမှာ ရက်သတ္တပတ်အားဖြင့် (၉)ပတ် ကြာမြင့်မှာဖြစ်ပြီး တစ်ပတ်လျှင် ပျှမ်းမျှ (၃)ရက်နှုန်းဖြင့် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် မြန်မာစံတော်ချိန် ညနေ (၆း၀၀) မှ (၈း၀၀) အထိ ပို့ချသင်ကြားပေးမည် ဖြစ်ပါသည်။ ထိရောက်စွာ သင်ကြားပေးနိုင်ရန်အတွက် သင်တန်းသားဦးရေ (၂၀ )ဦးသာ လက်ခံမည် ဖြစ်ပါသည်။

သင်တန်းလျှောက်လွှာများကို ၂၆.၁၁.၂၀၂၂ (စနေနေ့) ညနေ(၅း၀၀)နာရီ‌ နောက်ဆုံးထားကာ လျှောက်ထားနိုင်ပါသည်။ကနဦးရွေးချယ်ခံရသူများကို ၂၈.၁၁.၂၀၂၂ (တနင်္လာနေ့) တွင် အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးပါမည်။အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်ထပ်မံ သိရှိလိုပါက IPT.Tenasserim@protonmail.com သို့ မေးလ်ပို့ မေးမြန်းနိုင်ပါသည်။

သင်တန်းလျှောက်ထားရန် Link >>>

https://forms.gle/7t9hk9M4pZ9NbMnv8

The Tanintharyi Times