ထားဝယ်မှာ စုပေါင်းဘုံကထိန်ကို စည်စည်ကားကားကျင်းပဖို့ စစ်ကောင်စီ စီစဥ်
ထားဝယ်မှာ စုပေါင်းဘုံကထိန်ကို စည်စည်ကားကားကျင်းပဖို့ စစ်ကောင်စီ စီစဥ်

ထားဝယ်ရိုးရာသပိတ်မျောပွဲကျင်းပပြီး များမကြာမီမှာပဲ စုပေါင်းဘုံကထိန်ကိုစည်စည်ကားကားကျင်းပမယ်ဆိုပြီး စစ်ကောင်စီဘက်ကထပ်ပြီးစီစဥ်နေပါတယ်။
ဌာနဆိုင်ရာတွေစုပေါင်းပြီး စည်စည်ကားကားကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီခန့်ဝန်ကြီးချုပ်ဦးမြတ်ကိုဦးဆောင်ပြီး ကထိန်ပွဲကျင်းပရေးအစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်က ကျင်းပခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲက မြို့နယ်အားလုံးအနက် ထားဝယ်မြို့နယ်မှာ ကိုဗစ်ရောဂါတွေ့သူအများဆုံးဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်ကနေ ဘာသာရေးပွဲတော်တွေဆက်တိုက်ကျင်းပဖို့စီစဥ်နေတာပါ။
“ကိုဗစ်တွေပို့မပြန့်အောင် လူစုလူဝေးတွေလိုက်ထိန်းရမယ့်အစား သူတို့ကိုယ်တိုင်က လုပ်ချင်ရာလုပ်နေတာ။ ကိုဗစ်တွေဖြစ်နေလည်း ဂရုမစိုက်ဘူးဆိုတဲ့သဘောပေါ့” လို့ ထားဝယ်မြို့ခံလူငယ်တစ်ဦးကပြောပါတယ်။
ဌာနဆိုင်ရာပေါင်းစုံပါဝင်ကြရမယ့် အဲဒီစုပေါင်းဘုံကထိန်ပွဲဟာ ဘယ်နေ့ကျင်းပမယ်ဆိုတာကိုတော့မသိရသေးဘူးလို့ မြို့ခံဝန်ထမ်းအသိုင်းအဝိုင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့သုံးရက်အတွင်း တနင်္သာရီတိုင်းမှာ ကိုဗစ်ရောဂါတွေ့ရှိသူ သုံးဆယ်ကျော်အနက် နှစ်ဆယ်ကျော်ဟာ ထားဝယ်မြို့နယ်ကဖြစ်ပါတယ်။
The Tanintharyi Times