သွေးပေါင်ကျခြင်းနှင့် အိမ်တွင်းကုထုံး

သွေးပေါင်ကျခြင်းနှင့် အိမ်တွင်းကုထုံး

သွေးပေါင်ကျတယ်ဆိုတဲ့ စကားကို နေရာအနှံ ကြားရလေ့ရှိပါတယ်။ သွေးပေါင်တက်တာ(သို့) သွေးတက်တာကမှ လူကို အန္တရာယ်ဖြေစေနိုင်တာမဟုတ်ပါဘူး။ သွေးပေါင်ကျတာကလည်း အသက်အန္တရာယ်ရှိပါတယ်။

■ သွေးပေါင်ကျတာနဲ့သွေးအားနည်းတာက အတူတူပဲလား

  • အဖြေကတော့ မတူပါဘူး။
  • သွေးပေါင်ကျတယ်ဆိုတာ ယျေဘုယျအနေနဲ့ အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ အောက်ရှိနေတာကို ဆိုလိုတာပါ။
  • သွေးအားနည်းတယ်ဆိုတာက သွေးနီဥအားနည်းတာဖြစ်ပါတယ်။
  • နှစ်ခုစလုံးကတော့ ကျန်းမာရေးအတွက် ကောင်းတဲ့လက္ခဏာတွေမဟုတ်ပါဘူး။

■ သွေးပေါင်ကျရင်ဘာတွေဖြစ်တတ်သလဲ

  • သွေးပေါင်ကျရင် ခေါင်းမူးမယ်
  • အသက်ရှုတာ ပုံမှန်ထက်မြန်လာမယ်
  • အသက်ကြီးသူတွေနဲ့ နာတာရှည်ရောဂါသည်တွေအဖို့ သတိလစ်တဲ့အထိဖြစ်သွားနိုင်တယ်
  • အမြင်အာရုံများဝေဝါးလာနိုင်တယ်
  • လည်ပင်းထဲမှာခြောက်ကပ်လာပြီး ရေငတ်လာသလို ခံစားရနိုင်တယ်

■ သွေးပေါင်ကျစေတဲ့ အကြောင်းရင်းတွေ

  • ကိုယ်ဝန်ရှိနေတာ
  • နှလုံးရောဂါအခံရှိနေတာ
  • ဆီးချိုရောဂါရှိနေတာ
  • ဆေးမှားသောက်မိတာ၊
  • ဓာတ်မတည့်တဲ့ အစားအစာတွေကို စားမိတာ
  • ပြင်ပဒဏ်ရာတစ်ခုခုကြောင့် သွေးထွက်များရာကနေလည်း သွေးပေါင်ကျတတ်ပါတယ်။

■ သွေးပေါင်ကျတာရဲ့နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်နိုင်သလဲ

  • သွေးပေါင် မကြာခဏကျတတ်သူတွေဟာ နောက်ဆက်တွဲအနေနဲ့ ရုတ်တရက်သတိလစ်တာ၊ ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။

■ သွေးပေါင်ကျသူကို ဘယ်လို ပြုစုပေးရမလဲ

  • သွေးပေါင်ကျသူကို အိပ်ရာထဲမှာ အသာလှဲနေခိုင်းတာကအကောင်းဆုံးဖြစ်ပါတယ်
  • အိပ်ရာမှာအနားယူခိုင်းပြီး ဓာတ်ဆားရည်တိုက်ပေးတာ၊ ရေတိုက်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။
  • သွေးပေါင်ကျတာကို အမြန်သက်သာစေဖို့ ကြက်ဥပြုတ်၊ ဘဲဥပြုတ်တွေကိုလည်း ကျွေးနိုင်ပါတယ်
  • သွေးပေါင်ကျသူတွေကို ပြုစုတဲ့နေရာမှာ ရေဓာတ်မခမ်းဖို့အထူးသတိထားရမှာဖြစ်တဲ့အတွက် ရေကိုများများ တိုက်ပေးဖို့လိုအပ်သလို အရည်ဓာတ်ပါတဲ့ အသီးအနှံတွေကိုလည်း ဖျော်ပြီး တိုက်နိုင်ပါတယ်။
  • တကယ်လို့ အိပ်ရာထဲမှာနားနေရင်းနဲ့ ခေါင်းမူး၊ ရင်တုန်သေးတယ်ဆို နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။

■ သွေးပေါင်ကျသူတွေအနေနဲ့ ဘာတွေစားသင့်လဲ

  • ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်ဥ၊ ဘဲဥတွေကို စားပေးသင့်ပါတယ်။
  • သံဓာတ်ပါသောအစားအစာတွေဖြစ်တဲ့ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်တို့ကိုလည်း မကြာမကြာစားပေးသင့်ပါတယ်။
  • အထူးသဖြင့် ရေဓာတ်မခမ်းစေဖို့ ရေကိုပုံမှန်သောက်ပေးဖို့လိုအပ်လှပါတယ်။
  • မကြာခဏဓာတ်ဆားသောက်ပေးသင့်ပါတယ်။
  • သွေးပေါင်မကျစေဖို့ အာဟာရပြည့်ဝနေဖို့လည်း လိုတာမို့ အစာကိုပုံမှန်စားပေးဖို့လိုအပ်ပါတယ်။ အလားတူ အိပ်ရေး၀၀အိပ်စက်ဖို့လည်း လိုအပ်လှပါတယ်။
  • သွေးပေါင်ကျသူတွေအနေနဲ့ အလုပ်သင့်ဆုံးသောအချက်
  • မကြာခဏသွေးပေါင်ကျတတ်သူတွေအနေနဲ့ သွေးပေါင်ကျခြင်းအကြောင်းရင်းကို သိထားရအောင် နီးစပ်ရာ ဆေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times