ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း လှုပ်ရှားမှု ဗီဒီယို ၈သောင်းပြည့်ပြီ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း လှုပ်ရှားမှု ဗီဒီယို ၈သောင်းပြည့်ပြီ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့် မွေးနေ့အတွက် မွေးနေ့ဆုတောင်း လှုပ်ရှားမှုကို ပေးပို့လာတဲ့ မွေးနေ့ဆုတောင်းဗီဒီယိုတွေဟာ မွေနေ့မတိုင်ခင်တရက်အလိုဖြစ်တဲ့ ဒီကနေ့မှာဘဲ ရည်မှန်းထားတဲ့ ဗီဒီယို ၈သောင်း ပြည့်မြောက်သွားပြီလို့ ကန်ပိန်းဖြစ်မြောက်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်အောင်ဆောင်ရွက်မယ့် ဒီမွေးနေ့ဗီဒီယိုလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြတဲ့ ပြည်သူတွေက ပေးပို့လာတဲ့ မွေးနေ့ဆုတောင်း ဗီဒီယို ၈သောင်းကို စုဆောင်းတာဖြစ်ပါတယ်။

ဗီဒီယို ၈သောင်းပြည့်မြောက်သွားပြီဆိုပေမယ့် မူလကတည်းက သတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ မနက်ဖြန် ဇွန်လ ၁၉ရက်နေ့အထိ မွေးနေ့ဆုတောင်းဗီဒီယိုတွေကို ဆက်လက်ပေးပို့နိုင်တယ်လို့လည်း သိရှိရပါတယ်။

မွေးနေ့ဆုတောင်းပေးပို့ပါဝင်ခဲ့တဲ့ ပြည်သူတွေအားလုံးနဲ့ ကူညီပေးခဲ့ကြသူတွေကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း ကန်ပိန်းဖြစ်မြောက်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Connect Burma

The Tanintharyi Times