ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တဲ့ ထွေအုပ်စာရေးကို သုတ်သင်ခဲ့တယ်လို့ DGRF သတင်းထုတ်ပြန်
ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တဲ့ ထွေအုပ်စာရေးကို သုတ်သင်ခဲ့တယ်လို့ DGRF သတင်းထုတ်ပြန်

ထားဝယ်မြို့နယ်ထွေအုပ်ရုံးစာရေးတစ်ဦးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝေစိုးကို လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းသုတ်သင်ခဲ့တယ်လို့ Dawei Guerrilla Revolution Force (DGRF)က သတင်းထုတ်ပြန်ပါတယ်။
မနေ့က ညနေ (၃)နာရီဝန်းကျင်မှာ လောင်းလုံးမြို့နယ် ရွာစွန်ရွာဖျားများမှ ကြံ့ဖွတ်ပါတီဝင်တွေကို စည်းရုံးသိမ်းသွင်းပြီး ပြန်လာတဲ့ ဦးဝေစိုးကို တောင်မင်းပြောင်ရွာနဲ့ ခမောင်းတောင်ရွာကြား လမ်းပိုင်းတစ်နေရာမှာ သုတ်သင်ခဲ့တာလို့ ရေးသားထားပါတယ်။
ဦးဝေစိုးဟာ အကြမ်းဖက်စစ်တပ် အောက်ကနေ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို အမြဲမပြတ်လုပ်ဆောင်နေတဲ့သူဖြစ်ပြီး CDMသမားတွေကို ခြိမ်းခြောက်နေသူလို့ တိုင်တန်းမှုတွေ ရရှိထားတဲ့အတွက် ရှင်းလင်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။