တနင်္သာရီမြို့နယ်က ဘန်းပြည့်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံး
တနင်္သာရီမြို့နယ်က ဘန်းပြည့်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံး
တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအုပ်စုက ဘန်းပြည့်အနောက် ကျေးရွာမှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနက် ၅ နာရီဝန်းကျင်က ဘန်းပြည့်ရွာဘက်ကို လှေနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့တဲ့အပြင် လေးဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
နှစ်နာရီဝန်းကျင်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကအထိအခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
“PDF တွေက ဆုတ်ပေးလိုက်တော့ ဆုတ်တဲ့ဘက်ကို လက်နက်ကြီး သုံးလုံးလောက်ထုလိုက်သေးတယ်။ PDF ဖက်ကတော့ ထိခိုက်သူမရှိဘူးလို့ ကြားရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်စခန်းရှိတဲ့ သိန္ဒောကျေးရွာနေ စစ်ကောင်စီတပ်သာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏတိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်သားသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။
