ကော့သောင်းက ပျူစောထီး အသုဘ ပို့ဆောင်သူအနည်းငယ်သာရှိ
ကော့သောင်းက ပျူစောထီး အသုဘ ပို့ဆောင်သူအနည်းငယ်သာရှိ

ကော့သောင်းမြို့က စစ်ကောင်စီတပ်ရင်းရှေ့မှာ ပစ်သတ်ခံခဲ့ရတဲ့ ပျူစောထီးအဖွဲ့ဝင်ရဲ့ အသုဘ ကို စစ်တပ်ထဲကလူတွေအပါအဝင် လိုက်ပါပို့ဆောင်သူ အနည်းငယ်ပဲရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
သေဆုံးသူ ဦးကျော်မိုးခိုင်ဟာ မတ်လ ၁၅ ရက်နေ့ညက ခမရ ၃၄၂ စစ်တန်းလျားရှေ့မှာ သေနတ်နဲ့ပစ်ခံရလို့သေဆုံးခဲ့ပြီး ဒီနေ့ အသုဘချခဲ့တာပါ။
ဒီနေ့ မွန်းတည့် ၁ နာရီမှာ အလောင်းကို ၆ မိုင်စစ်တပ်ဆေးရုံကနေ ၇ မိုင် ရွှေပြည်စိုးသုဿာန်ကိုပို့ဆောင်ခဲ့တာပါ။
လိုက်ပါပို့ဆောင်ရာမှာ စစ်ကားနှစ်စီး၊ Town Ace ကားနှစ်စီးနဲ့ ဆိုင်ကယ်အနည်းအကျဥ်းပဲတွေ့ရတယ်လို့မြို့ခံတွေကဆိုပါတယ်။ ဦးကျော်မိုးခိုင်နေထိုင်ရာ ရပ်ကွက်က ရပ်ကွက်သူ၊ ရပ်ကွက်သားတွေလည်း လိုက်ပါလို့ဆောင်ခဲ့တာမျိုးမရှိဘူးလို့ဆိုပါတယ်။
ဦးကျော်မိုးခိုင် သေနတ်နဲ့ပစ်ခံပြီးနောက်မှာတော့ ပစ်ခတ်သွားတဲ့သူတွေကိုသိရဖို့အတွက် ၄မိုင်ရပ်ကွက်လမ်းမတန်းတစ်လျောက် cctv တွေကိုစစ်ကောင်စီဘက်က လိုက်လံစစ်ဆေးတာတွေရှိခဲ့ပါတယ်။ သူ့ကို ကော့သောင်းမြို့ပြပြောက်ကျားအဖွဲ့ကပစ်သတ်ခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times