ကုန်ကားနှစ်စီးနဲ့ ခရီးသည်ကားတစ်စီး ပစ်ခတ်မီးရှို့ခံရပြီးနောက် အာရှလမ်းပိတ်
ကုန်ကားနှစ်စီးနဲ့ ခရီးသည်ကားတစ်စီး ပစ်ခတ်မီးရှို့ခံရပြီးနောက် အာရှလမ်းပိတ်
မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ကုန်ကားနှစ်စီးနဲ့ ခရီးသည်တင်မှန်လုံကား တစ်စီး ဒီနေ့မနက်ပိုင်းက ပစ်ခတ်မီးရှို့ခံရပြီးနောက် နေ့လယ်ပိုင်းအထိ ယာဥ်သွားလာမှုကိုပိတ်ထားတယ်လို့ ဒေသအခြေစိုက်သတင်းဌာနဖြစ်တဲ့ KIC က ဖော်ပြထားပါတယ်။
နံနက် ၈ နာရီဝန်းကျင်နဲ့ ၉ နာရီကျော်မှာ ကုန်တင်ကားနှစ်စီးနဲ့ ရွှေစင်စင်္ကြာခရီးသည်ကားတို့ပစ်ခတ်မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။
ခရီးသည်တွေကိုဆင်းခိုင်းပြီးမှ မီးရှို့သွားတဲ့အတွက် ခရီးသည်တွေတော့အန္တရာယ်မရှိခဲ့ဘူးလို့ဆိုပါတယ်။
ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်သား ၁၀၀ နီးပါး မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက် ချီတက်ခဲ့ကြပြီးနောက်ပိုင်း ကားသုံးစီးပစ်ခတ်မီးရှို့ခံရမှုဖြစ်ပေါ်ခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေလုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်ပေါ်မှုတွေရှိနေပေမယ့် ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ KIC သတင်းဌာနကတော့အတည်ပြုချက်မရသေးဘူးလို့ ရေးသားထားပါတယ်။
