ထားဝယ်မှာ CDM ရဲဝန်ထမ်းယောင်ဆောင်ပြီး PDF အဖွဲ့တွေကို ချဥ်းကပ်ခဲ့တယ်ဆိုတဲ့အမျိုးသား ပစ်သတ်ခံရ
ထားဝယ်မှာ CDM ရဲဝန်ထမ်းယောင်ဆောင်ပြီး PDF အဖွဲ့တွေကို ချဥ်းကပ်ခဲ့တယ်ဆိုတဲ့အမျိုးသား ပစ်သတ်ခံရ
CDM ရဲဝန်ထမ်းယောင်ဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုချဥ်းကပ်ပြီး ဒုက္ခပေးခဲ့တယ်ဆိုတဲ့အမျိုးသားကို ပစ်သတ်ခဲ့တယ်လို့ Guerrilla Dawei အဖွဲ့ဦးဆောင်သူကပြောပါတယ်။ ဒီနေ့ည ၇ နာရီခွဲဝန်းကျင်က ထားဝယ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ တလိုင်းမရပ်ကွက်က စာသင်ကျောင်းအနီးလမ်းဆုံမှာ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးပစ်သတ်ခံရပြီးသေဆုံးခဲ့ပါတယ်။
“သူက အိမ်လမ်းထိပ် တံတားဘောင်ပေါ်မှာ ထိုင်နေချိန် ဆိုင်ကယ်တစ်စီး လူတစ်ယောက်က လာပစ်သွားတာပါ”ဟု မျက်မြင်တစ်ဦးကဆိုပါတယ်။
သေဆုံးသူ အောင်သီဟ ဆိုသူဟာ CDM ပြုလုပ်ထားတဲ့ရဲလို့ပြောပြီး PDF အဖွဲ့တွေကိုချဥ်းကပ်သတင်းယူဒုက္ခပေးခဲ့သူဖြစ်တယ်လို့ Guerrilla Dawei ရဲ့ ဦးဆောင်သူကဆိုပါတယ်။
” ရပ်ကွက်တစ်ခုမှာဝင်ပုန်းနေပြီး သာမာန်လူပုံစံနဲ့ ထောက်လှမ်းရေးလုပ်ပြီး pdf တွေကိုရော သပိတ်မှောက်ဖူးသူတွေကိုပါဖမ်းဆီးခဲ့တယ်” လို့ Guerrilla Dawei ရဲ့ဦးဆောင်သူကဆိုပါတယ်။
ပစ်ခတ်မှုအပြီး ခဏအကြာမှာ ရဲတွေရောက်လာပြီး အလောင်းကိုလာရောက်သယ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။
