နဘုလယ်မှာ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူ ၃ ဦးကို PDFက ဖမ်းဆီးစစ်ဆေး

နဘုလယ်မှာ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူ ၃ ဦးကို PDFက ဖမ်းဆီးစစ်ဆေး

ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသမှာ မူးယစ်ဆေးဝါး​ရောင်းချသုံးစွဲသူ ၃ ဦးကို ဒီနေ့ မနက် ၁၁နာရီဝန်းကျင်က ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

မူးယစ်ဆေးဝါးသွားယူဖို့လာတဲ့သူတို့ကို လမ်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး WY ဆေးပြားတချို့လည်း လက်ဝယ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

” သတင်းရတာကြောင့် ရေနက်ဆိပ်ကမ်းလမ်းပေါ်မှာ ဖမ်းဆီးခဲ့တာပါ။ နှစ်ယောက်ကိုအရင်ဖမ်းပြီးမှ ၊နောက်တယောက်ကိုဖုန်းဆက်ခေါ်ခိုင်းလိုက်တာ” လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူကပြောပါတယ်။

သူတို့ ၃ ယောက်စလုံးကို နောက်မလုပ်ဖို့သတိပေးဆုံးမပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကိုတော့ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

The Tanintharyi Times