12နာရီအတွင်း မြေငလျင်နှစ်ကြိမ်ထပ်မံလှုပ်ခတ်

12နာရီအတွင်း မြေငလျင်နှစ်ကြိမ်ထပ်မံလှုပ်ခတ်

မြန်မာနိုင်ငံအတွင်းမှာ မနေ့က ၁၂နာရီအတွင်းမှာ မြေငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့မိုးဇလ ကထုတ်ပြန်ပါတယ်။

ပထမအကြိမ်မြေငလျင်ဟာ မနေ့ကညနေ၄နာရီခွဲအချိန်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရဲ့ အနောက်တောင်ဘက် ၈မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တာပါ။

အဲဒီငလျင်ရဲ့လှုပ်ခတ်မှုကိုကျောက်ဆည်မြို့ပေါ်ကသိသိသာသာခံစားရကြောင်းကို မြို့ခံတွေကလူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားထားကြပါတယ်။

အဲဒီနောက် ၈နာရီခန့်အကြာ မနေ့ကညသန်းခေါင် ၁၂နာရီ ၄၂မိနစ်မှာလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ရဲ့ တောင်-အနောက်တောင်ဘက် ၂၁ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၆အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။

အခုလပထမပတ်ကလည်း ရန်ကုန်တိုင်းနဲ့ရှမ်းပြည်နယ်မှာ ၃ရက်အတွင်း အင်အားအနည်းငယ်ရှိတဲ့ငလျင် ၆ကြိမ်အထိလှုပ်ခတ်ခဲ့ပါတယ်။

The Tanintharyi Times