စစ်ကောင်စီထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း တရားမဝင်ကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း တရားမဝင်ကြောင်း NUG ထုတ်ပြန်

ပုံစာ - ယခင်ကတက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်‌တဲ့နေ့တွေမှာ အောင်စာရင်းကြည့်ရှု‌သူတွေအများအပြားမြင့်တွေ့ရလေ့ရှိပေမယ့် ဒီနှစ်မှာမတွေ့ရပါဘူး။ ဓာတ်ပုံ - Blacker ( ၂၀၂၀ခုနစ်က ပုံဟောင်းအသုံးပြုထားပါတယ်)

စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဒီကနေထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို NUG ရဲ့ပညာရေးဝန်ကြီးဌာနက တရားမဝင်ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီက ပညာရေးကို အသုံးချပြီး စစ်အာဏာရှင် စနစ် လည်ပတ်အောင် လုပ်ဆောင်မှုဖြစ်တာကြောင့် တရားဝင်မှု မရှိဘူးလို့ဆိုပါတယ်။

ပြည်သူကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနဲ့ လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းတွေ၊ ကောင်စီတွေရဲ့ ပညာရေးအဖွဲ့အစည်းတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီတွေရဲ့ အသိအမှတ်ပြုမှုသာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်မဖြေဆိုဘဲ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး CDMပြုလုပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို အလေးအမြတ် ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့လည်းဆိုထာခင်က တက္ကသိုလ်ဝန်ထမ်းအေားပါတယ်။

ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာလာဖို့အတွက် ပြည်သူ့အစိုးရနဲ့ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ပြီး စစ်အာဏာရှင်တော်လှန်ရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးမှာ ဆက်လက်ပါဝင်ပေးကြပါဖို့ တိုက်တွန်း ပန်ကြားထားပါတယ်။

ဒီကနေ့ထုတ်ပြန်လိုက်တဲ့ တနိုင်ငံလုံးအောင်စာရင်းမှာဖြေဆိုသူ ၂၈၁၇၅၈ ဦးထဲက ၁၃၀၇၇ ဦးအောင်မြင်ခဲ့ပါတယ်။

The Tanintharyi Times