စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်းက ဖြေဆိုသူလေးထောင်ကျော်အနက် နှစ်ထောင်ကျော်အောင်

စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်းက ဖြေဆိုသူလေးထောင်ကျော်အနက် နှစ်ထောင်ကျော်အောင်

စစ်ကောင်စီကကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းက ကျောင်းသူကျောင်းသား လေးထောင်ကျော်ဝင်ရောက်ဖြေဆိုပြီး နှစ်ထောင်ကျော်အောင်မြင်ခဲ့ပါတယ်။

တနင်္သာရီတိုင်းက ကျောင်းသူကျောင်းသား ၄၃၅၉ဦး ဖြေဆိုခဲ့ပြီး ၂၀၀၃ ဦးအောင်မြင်ခဲ့လို့ အောင်ချက် ၄၅.၉၅ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ဘာသာစုံဂုဏ်ထူးထွက်သူနှစ်ဦးရှိခဲ့ပြီး အဲဒီနှစ်ဦးကတော့ မြိတ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်ကဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပခဲ့တဲ့ ဒီစာမေးပွဲမှာ အရင်နှစ်စာမေးပွဲတွေထက်အောင်ချက်ရာနှုန်းတွေမြင့်တက်နေပြီး ဂုဏ်ထူးရသူများပြားတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။

The Tanintharyi Times