KNU တပ်မဟာ ၁ နယ်မြေမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ စုစည်းညီညွတ်စွာ လှုပ်ရှားနိုင်ဖို့ ကော်မတီဖွဲ့စည်း
KNU တပ်မဟာ ၁ နယ်မြေမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ စုစည်းညီညွတ်စွာ လှုပ်ရှားနိုင်ဖို့ ကော်မတီဖွဲ့စည်း

KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေမှာ စစ်ကောင်စီကိုနည်းလမ်းပေါင်းစုံနဲ့တော်လှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအသီးသီး စုစည်းညီညွတ်စွာရပ်တည်လှုပ်ရှားနိုင်ဖို့ မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီကိုဖွဲ့စည်းလိုက်ပါတယ်။
မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီကို KNU သထုံခရိုင် အလုပ်မှုဆောင်ကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရအတည်ပြုခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ကော်မတီမှာပါဝင်တဲ့ အဖွဲ့အစည်းအသီးသီးဟာ KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ စစ်အာဏာရှင်ကိုအမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ပွဲဆင်နွှဲဖို့ သဘောတူဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
The Tanintharyi Times