အကျဉ်းသား သုံးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမယ်လို့ စစ်ကောင်စီထုတ်ပြန်

အကျဉ်းသား သုံးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမယ်လို့ စစ်ကောင်စီထုတ်ပြန်

ဓာတ်ပုံ - ပုံဟောင်းဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၃၃၉ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ ၃၃၀၃ ယောက်ကို နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ရင် အဲဒီပြစ်ဒဏ် အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံပါမယ် ဆိုတဲ့ စည်း ကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။

ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၈ ဦး ၊ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး နဲ့ သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီနေ့မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက် ဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ လက်နက်အက်ဥပဒေတွေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေက လွဲရင် ကျန်တဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့လည်း ထုတ်ပြန်စာမှာ ရေးထားပါတယ်။

The Tanintharyi Times