ထိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် နေရပ်ပြန်ပို့
ထိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် နေရပ်ပြန်ပို့

ထိုင်းနိုင်ငံထဲမှာ အဖမ်းခံခဲ့ရတဲ့ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်းဘက်ကနေ ကော့သောင်းမြို့ကို လာရောက်ပို့ဆောင်သွားတယ်လို့ သိရပါတယ်။
ပြန်ပို့ခံရသူတွေထဲမှာ အမျိုးသား ၉၉ ဦးနဲ့ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦး ပါဝင်ပါတယ်။
ရွေ့ပြောင်းမြန်မာလုပ်သားတွေဟာ ထိုင်းနိင်ငံထဲကို တရားမဝင်နည်းလမ်းအမျိုးမျိုးနဲ့ဝင်ရောက်ဖို့ကြိုးစားရာက တစ်ဆင့်အဖမ်းခံရတဲ့သူတွေဖြစ်ပါတယ်။ ၎င်းတို့ဟာ ထိုင်းနိုင်ငံဥပဒေအရ ပြစ်ဒဏ်ကျခံရပြီးသူတွေဖြစ်ပါတယ်။
နှစ်ဆန်းပိုင်း ဇန်နဝါရီလကလည်း ထိုင်းနိုင်ငံ ရနောင်းအချုပ်ထဲမှာ မြန်မာရွေ့ပြောင်းလုပ်သားတွေ ဆန္ဒဖော်ထုတ်ပြီးနောက် ဖေဖော်ဝါရီ ၂ရက်မှာ မြန်မာနိုင်ငံသား ၆၀၀ ကျော်ကို ပြန်ပို့ပေးခဲ့ပါတယ်။
The Tanintharyi Times