ထားဝယ်ပေါ်ပြူလာ အပါအဝင် တစ်နိုင်ငံလုံးက ငွေလွှဲကုမ္ပဏီ ၂၀ ခုကို စစ်ကောင်စီကလိုင်စင်ရုပ်သိမ်း

ထားဝယ်ပေါ်ပြူလာ အပါအဝင် တစ်နိုင်ငံလုံးက ငွေလွှဲကုမ္ပဏီ ၂၀ ခုကို စစ်ကောင်စီကလိုင်စင်ရုပ်သိမ်း

ထားဝယ်ပေါ်ပြူလာကုမ္ပဏီအပါအဝင် မြန်မာတစ်နိုင်ငံလုံးက နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ကို လိုင်စင်ရုပ်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီနေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ Myanmar National Airlines Co.,Ltd လည်းပါဝင်ပါတယ်။

The Tanintharyi Times