လောင်းလုံးမြို့ပေါ်မှာ ပျူစောထီးတစ်ဦး အသတ်ခံရပြီးနောက် အမျိုးသမီး၄ ဦး ဖမ်းဆီးခံရ

လောင်းလုံးမြို့ပေါ်မှာ ပျူစောထီးတစ်ဦး အသတ်ခံရပြီးနောက် အမျိုးသမီး၄ ဦး ဖမ်းဆီးခံရ

Photo - ပုံဟောင်းဖြစ်ပါတယ်။

လောင်းလုံးမြို့ပေါ်က အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်သားနဲ့ရဲတွေက ဒီနေ့မနက်မှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အခုမနက် ၉ နာရီလောက်က ကား၂စီးနဲ့ အိမ်တွေမှာ လာခေါ်သွားတာပါ။ လက်ရှိ လောင်းလုံးရဲစခန်းမှာ ဖမ်းထားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လောင်းလုံးမြို့ပေါ် (ဂ)နဲ့ (ဃ)ရပ်ကွက်တွေက ဒေါ်သန်းအေး၊ မမိငြိမ်း၊ ဒေါ်အုန်းရွှေ နဲ့ မသန်းသန်းထွေးတို့ဖြစ်ကြတယ်လို့သိရပါတယ်။

ဖမ်းဆီးခံထားရသူထဲကနှစ်ဦးဟာ မနေ့ညနေကအသတ်ခံလိုက်ရတဲ့ ပျူစောထီးအဖွဲ့ဝင် ကိုအောင်ဆန်းဦးရဲ့ နေအိမ်အနီးအနားက ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကိုဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

မနေ့ကညနေပိုင်းမှာလည်း ပစ်သတ်ခံရတဲ့ပျူစောထီးအိမ်အနီးအနားကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times