အချိန်မရွေး အခမဲ့ လေ့လာ၊ သင်ယူနိုင်တဲ့ နွေဦးတက္ကသိုလ်ရဲ့ အတန်းတွေ
အချိန်မရွေး အခမဲ့ လေ့လာ၊ သင်ယူနိုင်တဲ့ နွေဦးတက္ကသိုလ်ရဲ့ အတန်းတွေ
အချိန်၊ နေရာမရွေး Self study ပြုလုပ်ရင်း သင်ယူနိုင်မယ့် နွေဦးတက္ကသိုလ်ရဲ့ ပညာဒါနအတန်းတွေကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ဖော်ပြလိုက်ပါတယ်။
အတန်းအားလုံးမှာ သင်တန်းကြေးအခမဲ့ပညာဒါန အတန်းတွေ ဖြစ်ပါတယ်။
ပြည်သူတွေအားလုံး မည်သည့်အခြေအနေမှာမဆို သိရှိထားသင့်တဲ့ “Basic Healthcare”
ပြည်သူတွေအနေနဲ့ အန္တရာယ်ရှိ လက်နက်ယန္တယားတွေ အကြောင်းကို သိရှိပြီး ထိခိုက်မှုမရှိဘဲ မိမိကိုယ်ကိုယ် ကာကွယ်တတ်ဖို့ “Mine Risk Education”
လူတစ်ယောက်အနေနဲ့ ဖြစ်ပေါ်လာတတ်တဲ့ မိမိရဲ့ စိတ်ခံစားမှုတွေ အကြောင်းကို နားလည်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ဆက်ဆံနိုင်သူတစ်ဦးဖြစ်ဖို့ “Social Emotional Learning”
မိမိအသုံးပြုနေတဲ့ ဒီဂျစ်တယ်ကိရိယာတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး လေ့လာလိုသူတွေအတွက် “Cyber Security Course”
နွေဦးတက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ကျောင်းမှ ဖွင့်လှစ်တဲ့ “Synergizing Nonviolent Action and Peacebuilding Course” တို့ပဲဖြစ်ပါတယ်။
အထက်ပါအတန်းတွေကို စိတ်ဝင်စားသူတွေ အနေနဲ့ အောက်ပါ Website မှတစ်ဆင့် ဝင်ရောက်ကာ သင်ခန်းစာတွေကို လေ့လာနိုင်ပါတယ်။
Link– https://learning.springuniversitymm.com/course/index.php…
ဖော်ပြပါ Link မှတစ်ဆင့် ဝင်ရောက်ပြီး မိမိတက်ရောက်လိုတဲ့ တန်းခွဲကိုရွေးချယ်ပါ။ ထို့နောက် Log In Page ကျလာတဲ့အခါ Sign Up လုပ်စရာမလိုဘဲ Log In as a guest အနေဖြင့် ဝင်ရောက် လေ့လာနိုင်ပါတယ်။
The Tanintharyi Times
