လူတိုင်းသိထားသင့်တဲ့ “Transitional Justice – အကူးအပြောင်းကာလ တရားမျှတမှု”

လူတိုင်းသိထားသင့်တဲ့ “Transitional Justice – အကူးအပြောင်းကာလ တရားမျှတမှု”

အကူးအပြောင်းကာလ တရားမျှတမှုအကြာင်း စိတ်ဝင်စားပြီး လေ့လာချင်သူတွေအနေနဲ့ ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကနေ ဦးစီးပြီး သင်ကြားပို့ချတဲ့ “Transitional Justice – အကူးအပြောင်းကာလ တရားမျှတမှု” ဆိုတဲ့သင်ခန်းစာကို Burma Academy Website မှာ လေ့လာနိုင်ပါပြီ။

ဒီသင်ခန်းစာမှာ စုစုပေါင်းသင်ခန်းစာ (၆) ခု ပါဝင်ပြီး ကိုယ်တိုင်စိတ်ကြိုက်လေ့လာသင်ကြားခြင်း ( self-paced learning ) နဲ့ သင်ယူရမှာဖြစ်တာကြောင့် ကိုယ့်ရဲ့အားလပ်ချိန်မှာ အဆင်ပြေသလို လေ့လာနိုင်ပါတယ်။

Transitional Justice သင်ခန်းစာကို လေ့လာပြီးတဲ့အခါမှာ လူ့အဖွဲ့အစည်းအတွင်း အကူးအပြောင်းကာလ တရားမျှတမှုကို ဖော်ဆောင်ရာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကိုပါ သိရှိလာပြီး မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလ တရားမျှတမှုကို လေ့လာသုံးသပ်တဲ့အခါမှာလည်း ပြည်ပနိုင်ငံတွေရဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အကူးအပြောင်းကာလ တရားမျှတမှုအကြာင်း စိတ်ဝင်စားပြီး လေ့လာချင်တယ်ဆိုရင်တော့

https://burma.ac/…/course-v1:YDNB+YDNBTJ001+2022…/about မှာ စာရင်းသွင်းပြီး လေ့လာနိုင်ပါတယ်။

Burma_Academy မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။

The Tanintharyi Times