တနင်္သာရီတိုင်းမှာ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်

တနင်္သာရီတိုင်းမှာ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်

တနင်္သာရီတိုင်းမှာ လာမယ့်နောက်နှစ်ရက် ရာသီဥတုအခြေအနေဟာ မိုးပိုလာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီနေ့မနက်မှာ ခန့်မှန်းထားပါတယ်။

ဒီခန့်မှန်းချက်ထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့လည်း ပါဝင်ပါတယ်။

ဒီနေ့ ညနေပိုင်း အထိကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်၍မိုးကြီးနိုင်ပါတယ်။

ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။